အခုတလော မျက်လုံးထဲမှာ ကန့်လန့်ဖြစ်နေတာကတော့ ကိုရီးယားရောက် ရွှေမြန်မာတွေပါ။ ကြိုတင်မဲလာပေးမယ့် လူကို နှိပ်ကွပ်ဖို့ သံရုံးအနီးအနားမှာ နေ့စဉ် ဆန္ဒပြပွဲတွေ လုပ်နေကြတယ်တဲ့။ အရင်က ဘယ်လိုပဲ ဆန္ဒပြပွဲတွေ၊ ရံပုံငွေပွဲတွေလုပ်လုပ် ကိုရီးယားက ခွင့်ပြုရင် ဘာမှ ပြောစရာမရှိပေမယ့် ရွေးကောက်ပွဲကို ဆန္ဒပြနှောက်ယှက်တာဆိုရင်တော့ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ ငြိပါတယ်။ အဖွဲ့လိုက်ဆိုရင် ထောင် ဆယ်နှစ်ကနေ သေဒဏ်အထိ ဆိုတာ မသိကြပုံပဲ။ မြန်မာသံရုံးကိုလည်း ခွေးရုံးဆိုပြီး တော်တော်များများ ဆဲဆိုနေတာတွေ့ရတော့ အဲ့ဒီလူတွေက ကိုရီးယားမှာ အပြီးနေခွင့်ရသွားကြတာလားလို့ တွေးမိတယ်။ နိုင်ငံတကာ ရောက်နေကြတဲ့ မြန်မာတွေ ဒီလို တော်လှန်ရေးပွဲတွေလုပ်နေတာကို အစိုးရက လျစ်လျူရှုထားခဲ့တာပါ။ ဟိုးအနောက်နိုင်ငံတွေ မပြောနဲ့၊ ဆက်ဆံရေးရှိတဲ့ ဂျပန်၊ ကိုရီးယား၊ ထိုင်းလို နိုင်ငံတွေကိုတောင် သံတမန်ရေးအရ ဘာမှ မလုပ်ခဲ့ပါဘူး။ မြန်မာ ပတ်စပို့ ကိုင်ထားသူတွေအတွက် အစိုးရအနေနဲ့ လုပ်လို့ရတာ အများကြီးပါ။ ဘာမှ မလုပ်ပဲထားတာကို ရောင့်တက်လာကြတာ ကြာတော့ မြင်မကောင်းတော့ဘူး။ ဒီအတိုင်းဆို ရိုးရိုးအလုပ်သွားလုပ်တဲ့ လူတွေလည်း ကြားညပ်တော့မှာ မြင်ယောင်နေပါတယ်။